India For Myanmar အကြောင်း

India4Myanmar လှုပ်ရှားမှုသည် လွတ်လပ်ပြီး အမှီအခိုကင်းသည့် လှုပ်ရှားမှုဖြစ်ပြီး မြန်မာနှင့် အိန္ဒိယရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် အဖွဲ့အစည်းကိုယ်စားလှယ်များ ချိတ်ဆက်ပါ၀င်လျက်ရှိသည်။ India4Myanmar လှုပ်ရှားမှုအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် စတင်ခဲ့ပြီး သွေးစည်းညီညွတ်မှု တိုးမြှင့်စေမည့် မြေပြင်လှုပ်ရှားမှုနှင့် တိုက်တွန်းနှိုးဆော် မှုများအား အိန္ဒိယနိုင်ငံရှိ ပြည်နယ်များတွင် အရှိန်မြှင့် ပြုလုပ်လျက်ရှိသည်။

About India for Myanmar

India for Myanmar movement is a free and independent grassroots advocacy movement where the democracy and human rights activists, experts and members of different organizations in Myanmar and India joined in. The India for Myanmar movement was launched on 15 October 2021. The main purpose of this initiative is to raise awareness about #WhashappeninginMyanmar in India’s States and mobilize solidarity through ground actions.

အိန္ဒိယပြည်သူများ၏ သွေးစည်းညီညွတ်မှုသည် မြန်မာ့ ဒီမိုကရေစီအရေးအတွက် အချက်အချာဖြစ်သည်။ 
India People’s Solidarity is the key to Myanmar democracy movement.
စစ်တပ်အား ထောက်ပံ့ပေးနေသည့် အိန္ဒိယအစိုးရ၏ လုပ်ဆောင်ချက်များ ရပ်တန့်ပြီး မြန်မာနိုင်ငံ၏ အာဏာရှင် စနစ်အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးတို့တွင် အိန္ဒိယအစိုးရအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်လာစေရန် မျှော်မှန်းထားပါသည်။ 
The Indian government standing with the people of Myanmar for a new federal democratic country by ending the complicity in Myanmar’s military’s atrocious crimes.
အိန္ဒိယအစိုးရမှ ဒီမိုကရေစီလိုလားသည့် မြန်မာပြည်သူများအား မျက်ကွယ်ပြုနေမှုများကို အိန္ဒိယပြည်သူများ၊ အရပ်ဖက်အဖွဲ့များ၊ ပါတီများနှင့် ဒီမိုကရေစီနိုင်ငံများထံ အသိပေးအကူအညီတောင်းပြီး အိန္ဒိယအစိုးရ၏ ရပ်တည်ချက်များ ပြောင်းလဲလာအောင်ဆောင်ရွက်ရန် ရည်မှန်းထားပါသည်။ 
Our mission is to change the Indian government’s standpoint by asking for help and informing the Indian people, civil societies, political parties and democratic countries about their disregard for Myanmar people who eagerly want democracy.
၁။ လက်ရှိမြန်မာနိုင်ငံအတွင်း စစ်တပ်မှ ကျူးလွန်သည့်ပြစ်မှုများကို အိန္ဒိယပြည်သူများ သိရှိပြီး မြန်မာပြည်သူ များနှင့်အတူ ရပ်တည်လာအောင် လုပ်ဆောင်ခြင်း။


၂။ အိန္ဒိယအစိုးရနှင့် မြန်မာစစ်တပ်ဆက်ဆံရေးများကို အိန္ဒိယပြည်သူများ၊ အိန္ဒိယအရပ်ဖက်လူမှုအဖွဲ့အစည်း များ၊ အိန္ဒိယနိုင်ငံရေးပါတီများ သိရှိလာပြီး ဖက်ဒရယ်ဒီမိုကရေစီလိုလားသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်လာအောင် လုပ်ဆောင်ခြင်း။


၃။ အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ပြေးဒုက္ခသည်များ၏ အခြေအနေများနှင့်အခက်အခဲများအား အိန္ဒိယပြည်သူ လူထု သိရှိလက်ခံပြီး အိန္ဒိယနိုင်ငံ၏ ဒုက္ခသည်များဆိုင်ရာမူဝါဒ ပြောင်းလဲလာအောင် လုပ်ဆောင်ခြင်း။


၄။ အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အိန္ဒိယအစိုးရ၏ ကူညီပံ့ပိုးအသိအမှတ်ပြုနေမှုများ ရပ်တန့်နိုင်ရန် ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံများထံ အကူအညီတောင်းကာ ဖိအားပေးခြင်း။

 

1. To mobilize Indian people to be aware of the on-going crimes committed by Myanmar Military and stand with the people of Myanmar.

2. To raise awareness about the relationship between the Indian government and the Myanmar Military to the Indian people, civil societies and political parties and mobilize them to stand with the people of Myanmar demanding federal democracy in Myanmar.

3. To advocate for better and inclusive policies and laws on refugees in India. 

4. Demanding supports and aids from the democratic countries to end India’s Govt complicity in Myanmar’s Military’s coup attempt.