India For Myanmar သတင်းထုတ်ပြန်ချက်

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများအနေဖြင့် စစ်ကောင်စီအား အလုပ်အကျွေး ပြုခြင်းကို ရပ်တန့်ကာ ဓမ္မဘက်မှာရပ်တည်ရန် အချိန်နောက်ကျသည်ဟူ၍မရှိဘဲ ပြည်သူဘက်ရပ်တည်ပြီး CDM လုပ်ကျရန် အိန္ဒိ ယနိုင်ငံရောက် မြန်မာများက တောင်းဆိုခဲ့ကြသည်။ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သော ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်ပြည့် ပြည်ထောင်စုနေ့တွင် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီးနှင့် သံရုံးဝန်ထမ်းများသို့ အိန္ဒိယနိုင်ငံရောက် India for Myanmar အဖွဲ့က အိတ်ဖွင့်စာပေး ခဲ့ခြင်းဖြစ်သည်။ထိုသို့ ပြည်သူ့ဘက်ရပ်တည်ရန် နှိုးဆော်တိုက်တွန်းမှုများအား ဥပေက္ခာပြုပါက အိန္ဒိယနိုင်ငံရောက် မြန်မာများအနေ ဖြင့် ပြင်းထန်သောဆန့်ကျင်ရှုတ်ချမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း India for Myanmar အဖွဲ့က ဆလိုင်း ဒိုခါရ် က ပြောသည်။ “အိန္ဒိယအစိုးရနဲ့စစ်ကောင်စီဆက်ဆံရေးဖြတ်တောက်နိုင်ရေးမှာ အဓိကပါဝင်တဲ့သံတမန်ရေးရာဖြတ်တောက်ရေး မှာ သံရုံးဝန်ထမ်းတွေအနေနဲ့ CDM လုပ်တယ်ဆိုရင် အရမ်းထိရောက်မှုရှိမယ်လို့ ယုံကြည်ထားတယ်။ ဒါကြောင့် ဒီ အိတ်ဖွင့်စာကိုလည်း ပေးရခြင်းဖြစ်တယ်။”ဟု ဆလိုင်းဒိုခါရ်ကပြောသည်။ဒီလိုအိတ်ဖွင့်ပေးစာပေးလိုက်သည့်အပေါ် မြန်မာသံရုံးဘက်က ပူးပေါင်းလာခြင်းမရှိပါက တတ်နိုင်သည့်နည်းလမ်းဖြင့် သံရုံးကို ဆက်လက်ဖိအားပေးသွားမည်ဟု ဆလိုင်းဒိုခါရ် က ပြောသည်။