မြန်မာစစ်တပ် အတရားအာဏာသိမ်းရန် ကြိုးပမ်းမှု တစ်နှစ်ပည့် သင်းထုတ်ပြန်ချက်

ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် စစ်တပ်နဲ့ စစ်အုပ်စုရဲ့ ဖက်ဆစ်အပြုအမူတွေကို ဆန့်ကျင်တော်လှန်တဲ့ တော်လှန်ရေး တစ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ မတရားအာဏာသိမ်းစစ်တပ်သည် တစ်နှစ်အတွင်း ပြည်သူများကို အာဏာရှင်စံနစ်ဖြင့် အုပ်ချုပ်ရန် ကြိုးစားသော်လည်း လုံးဝအုပ်ချုပ်ခွင့်မရသောကြောင့် လူမဆန်စွာ ပြည်သူများအပေါ် နည်းလမ်းမျိုးစုံဖြင့် ရက်စက်စွာပြုမူလျှက်ရှိပါသည်။ယနေ့ အာဏာသိမ်းတစ်နှစ်ပြည့်နေ့တွင် India for Myanmar သည် အိန္ဒိယနိုင်ငံမြို့တော် New Delhi အပါအဝင် New Lamka မြို့ Manipurပြည်နယ်၊ Aizawl မြို့၊ Mizoram ပြည်နယ်နှင့် Shillong မြို့ Meghalaya ပြည်နယ် တို့တွင် စစ်တပ်ကျူးလွန်ထားသော ပြစ်မှုများနှင့် အိန္ဒိယနိုင်ငံအစိုးရနှင့်အာဏာသိမ်းစစ်တပ် ဆက်ဆံရေး မီးမောင်းထိုးပြသည့် လက်ကမ်းစာစောင်များကို ဖြန်ဝေခြင်းဖြင့်အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါသည်။၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးအတွက် India for Myanmar သည် အာဏာသိမ်းစစ်တပ်က ကျူးလွန်သော ပြစ်မှုများကို အိန္ဒိယပြည်သူများ ပိုမိုသိရှိလာအောင် လုပ်ဆောင်ခြင်းနှင့် ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံအနေဖြင့် အာဏာသိမ်းစစ်တပ်ကို ဆက်ဆံရေးဖြတ်တောက်နိုင်ရေးတို့အတွက် နည်းလမ်းမျိုးစုံဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။India for Myanmar သည် ၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး တော်လှန်ရေးအရှိန်မြှင့် လှုပ်ရှားသွားမည်ဖြစ်သောကြောင့် India for Myanmar ကို အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် လာပူးပေါင်းကြပါရန် ဖိတ်ခေါ်အပ်ပါသည်။India for Myanmar သည် အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များကိုလုံးဝကန့်ကွက်ရှုတ်ချသည့်အပြင် မြန်မာပြည်သူတရပ်လုံးနှင့်အတူ တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်အပ်ပါသည်။